ရွှေဒေါင်းမြိုင် နှင့် တွေ့ဆုံခန်း
#ရွှေတံဆိပ်ကတော့ ပရိသတ်ပေးလို့ ရခဲ့တာ လေးခုရှိပါတယ်။
ဒေးဝန်းဘုရားပွဲမှာ တခု
မန္တလေးရှင်ဥပဂုတ်ပွဲမှာတခု
မန္တလေး ကုန်စည်ဒိုင်က တခု
နောက်မိတ္ထီလာဝမ်းတွင်းဖက်ကအလှုပွဲမှာတဖက်ကနာမည်ကြီးဆိုင်းနဲ့ပြိုင်ရတော့
ပရိသတ်ကပေးတာတခု ပေါင်းလေးခုပေါ့။
©အရာတော်က အနုပညာသည်အတော်ထွက်ပါတယ်။
အလင်္ကာကျော်စွာဦးဟန်ပ
မြချေကျင်းဒေါ်ငွေမြိုင် အမေမြိုင်ကိုယ်တိုင်ကျနော့ကိုပြောဖူးတာ
ရုပ်သေးမင်းသမီးဦးဖေလေး
အိုးစည် မခင်စိန် တို့ ပေါ့။
ဂရိတ်ဦးဖိုးစိန်ကြီးရဲ့အဖေက ကမ်းဖြူ သားလို့  လူကြီးတွေစကား မှတ်ထားဖူးတယ်။
®တပည့်ကတော့အလွန့်ကိုများပါတယ်။
ကျနော် အသက်၅၀ ပြည့်ရွှေရတုတုန်းက လာတီးကြတာ ၇၈ယောက်။နောက်ထပ်ပေါင်းရင် တရာကျော်မှာပေါ့။အခု တိုင်းကျော် အထိ ကျနော့တပည့်တွေပါ။
ရွှေဒေါင်းမြိုင် (၁၂၈၃ -၁၃၅၅)အတ္ထုပ္ပတ္တိထင်ရှားသောဆိုင်းဂီတပညာရှင်ကြီးဖြစ်သည်။
၁၂၈၃တန်ခူးလပြည်ကျော်၆ရက် ကြာသပတေးနေ့တွင်
အဖရုပ်သေးဆိုင်းဆရာကြီးဦးပြုံး အမိဒေါ်ကြီးလေးတို့ က စစ်ကိုင်းတိုင်းအရာတော်မြို့ မြို့လယ်ရပ်
တွင်မွေးခဲ့သည်။ ငယ်မည်အရင်းမောင်ဖိုးမြိုင်ဖြစ်သည်။
၇နှစ်သားအရွယ်၌ အရာတော်ပဃားအနောက်ကျောင်းတွင်ပညာသင်ကြားခဲ့သည်။
ကိုးနှစ်သားအရွယ်မှစ၍ ဆိုင်းပညာသင်ကြားခဲ့သည်။
၁၁နှစ်သားအရွယ်ပတ်တီးလက်ထောက်ဖြစ်ခဲ့၍
၁၂သားအရွယ်တွင်ရွှေဒေါင်းကွက်အမည်မှ
ရွှေဒေါင်းမြိုင်အဖြစ်ခံယူခဲ့သည်။
၂၈နှစ်သားအရွယ်အထိအရာတော်တွင်နေထိုင်ခဲ့ပြီး
၁၃၁၁ဝါခေါင်လတွင်မန္တလေးသို့ရောက်ခဲ့သည်။
ရွာစားကြီးစိန်ဗေဒါ ဦးကြီးဆရာဦးဟန်ပ ဦးဘမောင်တို့ထံ
ပညာသင်ကြားခဲ့ပြီးလူထုပရိတ်သတ်ကပေးသည့်ရွှေတံဆိပ်လေးခုရရှိခဲ့သည်။
ဇနီးဒေါ်ရီရီ သားသမီး၎ယောက်ရှိသည်။၁၉၉၃နိုဝင်ဘာ၇ရက်တွင်လက်ချိပ်တန်း
နေအိမ်တွင်ကွယ်လွန်သည်။
အရာတော်မဂ္ဂဇင်းပါ တွေ့ဆုံခန်းမှ
ကောက်နုတ်ဖြည့်စွက်ထားပါသည်။
0 Comments