Ad Code

Responsive Advertisement

သနပ်ခါးအမည်ခံအလှ ကုန်များတွင် သနပ်ခါးကုန်ကြမ်း ပါဝင်မှုမရှိပါက အရေးယူမည်

သနပ်ခါးအမည်ခံအလှ ကုန်များတွင် သနပ်ခါးကုန်ကြမ်း ပါဝင်မှုမရှိပါက အရေးယူမည်


မူရင်း - 7Days သတင်းဌာန
သနပ်ခါးအမည်ခံအလှ ကုန်များတွင် သနပ်ခါးကုန်ကြမ်း ပါဝင်မှုမရှိပါက အရေးယူမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးကျော်မိုး က ပြောသည်။

‘‘သနပ်ခါးခေါင်းစဉ်တပ် ထားတဲ့ အလှကုန်တွေမှာ သနပ် ခါးမပါဘဲနဲ့ ပြည်တွင်း၊ ပြည်ပ ထုတ်လုပ်ရောင်းချနေတာကို တရားစွဲပါမယ်။ အဲဒီလိုမှ မလုပ် ရင် သနပ်ခါးစိုက်တဲ့ တောင်သူ တွေ ဈေးကွက်မရလို့ မြန်မာမှာ သနပ်ခါးတောင် ပျောက်သွားနိုင် တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သနပ်ခါးပါဝင်မှုရှိ၊ မရှိ နမူနာ ပစ္စည်းဝယ်ပို့ပါဆိုလို့ရှိရင်လည်း ကျွန်တော်တို့အနေနဲ့ နမူနာပစ္စည်းပေးပို့တိုင်ကြားသွားမယ်’’ဟု ဖေ ဖော်ဝါရီ ၂၁ ရက်က မုံရွာမြို့တွင် ကျင်းပသော ယှဉ်ပြိုင်မှုဥပဒေ အသိပညာပေး ရှင်းလင်းပွဲ၌ ဦးကျော်မိုးက ပြောသည်။


အလှကုန်ပစ္စည်းများတွင် သနပ်ခါးပါဝင်မှုရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးအရေးယူနိုင်ရန် သက် ဆိုင်ရာ စားသုံးသူရေးရာ ဦးစီး ဌာနသို့ အမြန်ဆုံးပေးပို့တိုင်ကြား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယှဉ်ပြိုင်မှုဥပဒေကို မြန်မာ နိုင်ငံ၌ ၂၀၁၅ က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ တွင် စတင် အာဏာတည်ခဲ့သည်။

ယှဉ်ပြိုင်မှုဥပဒေအရ စီးပွား ရေးလက်ဝါးကြီးအုပ်ခြင်း၊ ဈေး ကစားခြင်း စသည်တို့အတွက် စီး ပွားရေးလုပ်ငန်းရှင်အချင်းချင်း ဈေးကွက် ခွဲဝေရယူခြင်း၊ ဈေး ကွက်လွှမ်းမိုးမှုမြင့်မားစေရန် ရည် ရွယ်၍ ပူးပေါင်းခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ထက် လျှော့ချ ရောင်းဝယ်ခြင်း၊ ယှဉ်ပြိုင်မှုကို ကျ ဆင်းစေသော ပူးပေါင်းဆောင် ရွက်ခြင်းတို့နှင့်ပတ်သက်၍ တိုင် ကြားနိုင်ကြောင်း စားသုံးသူရေး ရာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်မောင်းက မုံရွာ ကုန်စည်ဒိုင်တွင် ကျင်းပသော ယှဉ်ပြိုင်မှုဥပဒေအသိပညာပေး ရှင်းလင်းပွဲ၌ ပြောကြားသည်။

ယှဉ်ပြိုင်မှုဥပဒေ အသက်ဝင်ပြီး နောက်ပိုင်း တိုင်ကြားမှု ၁၀ မှုသာရှိပြီး တိုင်ကြားချက်များကို ကော်မရှင်ဖွဲ့စည်း၍ စစ်ဆေးနေသည်။

Post a Comment

0 Comments

Ad Code

Responsive Advertisement