Ad Code

Responsive Advertisement

ကြည့်​ဝင်း​တောင်​​တော်​ဆီသို့ဘုရားဖူးတစ်​​ခေါက်

ပင်​လယ်​​ရေမျက်​နှာပြင်အထက်ပေ၇၂၀သို့ရောက်ရှိခြင်း
(သို့မဟုတ်​)
ကြည့်​ဝင်း​တောင်​​တော်​ဆီသို့ဘုရားဖူးတစ်​​ခေါက်



ရေးသားသူ - Lucky Man

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ အရာ​တော်​မြို့နယ်​အတွင်း​ထူးထူးခြားခြားမြင့်​တက်​တည်​ရှိ​နေ​သော​မြေမျက်​နှာပြင်​ကို ပြပါဆိုလျှင်​ ဝါးတန်း​ကျေးရွာအုပ်​စု​တောင်​ရိပ်​သာ​ကျေးရွာ၏အ​နောက်​တစ်​မိုင်​ခန့်​အကွာတွင်​တည်​ရှိ​သော ကြည့်​ဝင်း​တောင်​ နှင့်​ ခြ​င်္သေ့​တောင်​နှစ်​လုံးကိုလက်​ညှိုးထိုးပြရပါလိမ့်​မည်​။ ကြည့်​ဝင်း​တောင်​နှင့်​ခြ​င်္သေ့​တောင်​တွင်​ ကြည့်​ဝင်း​တောင်​က ကြီးမားကြယ်​ပြန့်​မြင့်​မားသဖြင့်​ ​ဒေသအ​ခေါ် ​တောင်​ကြီးဟု ​အမည်​​ခေါ်တွင်​ပြီး ခြ​င်္သေ့​တောင်​က​သေးငယ်​နိမ့်​ပါးသဖြင့်​ ​ဒေသအ​ခေါ် ​တောင်​​လေးဟုအမည်​​ခေါ်တွင်​သည်​။


ကြည့်​ဝင်း​တောင်​၏ထူးခြားချက်​မှာ​တောင်​​တော်​ကြီးတစ်​ခုလုံး ​ကျောက်ဆိုင်​​ကျောက်​သားများ​ပေါများပြည့်​နှက်​​နေပြီး ​တောင်​​တော်​၏အမြင့်​ဆုံး​နေရာ (အမြင့်​ ​ပေ ၃၀၀ ခန့်ြ)ဖစ်​​သော​တောင်​ဘက်​ဆုံး​နေရာ​တောင်​ထိပ်​​ပေါ်တွင်​ဧရာမ​ကျောက်​ဆိုင်​​ကျောက်​တုံးကြီးများအသည်းယားစရာ​ကောင်းလှ​အောင်​အံ့သြဖွယ်​တည်​ရှိ​နေပါသည်​။ ​ကျောက်​ဆိုင်​​ကျောက်​သားများကြားတွင်​သစ်​ပင်​ပန်းပင်​အမျိုးအမည်များစွာပေါက်ရောက်နေသည်မှာလည်းအံသြဖွယ်တစ်​ခု​ပင်​။ ​တောင်​​တော်​​ပေါ်နှင့်​​တောင်​​အောက်​​ဘေးပတ်​လည်​များတွင်​ တရားကျင့်​ကြံအားထုတ်​​နေကြ​သောသံဃာ​တော်​ အရှင်​သူမြတ်​များသီတင်းသုံး​နေကြပါသည်​။ ​တောင်​​တော်​ကြီး၏​အ​ရှေ့​မြောက်​ဘက်​မှကားများဆိုင်​ကယ်​များ ဖြင့်​​တောင်​​တော်​​ပေါ်သို့တက်​​ရောက်​နိုင်​ရန်​​တောင်​တက်​ကားလမ်း​ဖောက်​လုပ်​ထားပါသည်​။


"ဗုဒ္ဓပူဇနိယပွဲ​တော်​ကျင်းပပြုလုပ်​ခြင်း"

နှစ်​ဝဉ်​ ဝါ​ခေါင်​လပြည့်​​နေ့တွင်​ကြည့်​ဝင်း​တောင်​ဘုရားပွဲ​တော်​ ဝါ​ခေါင်​လကွယ်​​နေ့တွင်​ ခြ​င်္သေ့​တောင်​ဘုရားပွဲ​တော်​ကျင်း​ပပါသည်​။ နှစ်​စဉ်​ ရက်ရှည်​​တရားစခန်းလည်းရှိပါသည်​။ အရာ​တော်​မြို့နယ်​အတွင်းထူးခြားစွာတည်​ရှိ​နေ​သော ကြည့်​ဝင်း​တောင်​နှင့်​ခြ​င်္သေ့​တောင်​ဆီသို့ဘုရားဖူးရင်း ​လေ့လာ​ရေးတစ်​​ခေါက်​ အ​ရောက်​လာခဲ့ကြ​ပါရန်​ ​လေးစားစွာဖိတ်​​ခေါ်အပ်​ပါသည်​။


Post a Comment

0 Comments

Ad Code

Responsive Advertisement